2016 တရားဟောချက် (၃)
အမိဝမ်းထဲကပင်
သင့်ကိုခန့်ထားပြီ
“ထာဝရဘုရား၏ နှုတ်ကပတ်တော်သည်
ငါ့ဆီသို့ ရောက်၍ မိန့်တော်မူသည်ကား၊ သင့်ကို အမိဝမ်းထဲ၌ ငါမဖန်ဆင်းမီ
သင့်ကိုငါသိပြီ။ မဘွားမီကပင် သင့်ကို ငါသန့်ရှင်းစေ၍၊ လူအမျိုးမျိုးတို့အဖို့၊
ပရောဖက်အရာ၌ ခန့်ထားပြီဟု မိန့်တော်မူ၏” (ယေရမိ ၁း၎-၅)။
ကျနော်တို့ ကိုးကွယ်တဲ့ဘုရားသခင်ဟာ
အရာခပ်သိမ်းကို ဖန်ဆင်းတဲ့ဘုရား ဖြစ်ပါတယ်။ ကျနော်တို့ မဖန်ဆင်းမီ ကတည်းက
သိတော်မူသောဘုရားသခင် ဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်စီတိုင်းမှာ ဘုရားသခင်အလိုတော်
ဖြစ်စေချင်တာကတော့ ယေဘူယျအားဖြင့် အတူတူပါပဲ။ အောင်မြင်ဖို့ကောင်းစားဖို့ ဘ၀ထဲမှာ
ဘုရားအလိုတော်အတိုင်း လျှောက်လှမ်း သွားလာရင်းနှင့် လောကကို စိုးစံဖို့
ခန့်ထားပြီး ဘုရားက ပျက်စီးဖို့ ဆုံးရှုံးဖို့ မခန့်ထား မရွေးချယ်ထားပါဘူး။
ဆုံးရှုံးတယ် ဆိုတာက လူတွေဘုရား ခွဲခန့်ခြင်းကို မသိပဲ
မိမိစိတ်ကြိုက်အသက်ရှင်ရင်းနှင့် တွေ့ကြုံစေတာပါ။ ဘုရားသခင်ရဲ့ အလိုတော်ကတော့
အခက်အခဲတွေကို တွေ့ကြုံရင်ဆိုင်ရရင်တောင်မှ သေမင်းအရိပ် လွှမ်းမိုးတဲ့
ချိုင့်ထဲမှာတောင် မစိုးရိမ် မကြောက်စေတဲ့ ဘုရားပါ (ဆာလံ ၂၃)။