“မတရားသောသူတို့၏ တိုက်တွန်းခြင်းကို
မလိုက်၊ လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသောသူတို့၏ အစည်းအဝေး၌
မထိုင်၊ ထာဝရဘုရား၏ တရားတော်၌မွေ့လျော်၍၊ တရားတော်ကို နေ့ညဥ့်မပြတ်
ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏” (ဆာလံ ၁း၁-၂)။
သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာသောအခါ ယုံကြည်သူများအတွက် ကောင်းကြီးမင်္ဂလာ ခံစားစေသော၊ မင်္ဂလာတရားဖြစ်စေသော နည်းလမ်းများစွာကို ဖော်ပြထားပါသည်။ ထိုမင်္ဂလာတရားများစွာထဲမှ ဆာလံဆရာမှ ဆာလံကျမ်းအဖွင့်တွင် ဖော်ပြသော မင်္ဂလာရှိသောသူသည် မည်သို့သောသူဖြစ်ကြောင်းကို လေ့လာခွန်အားယူကြပါစို့။