တပ်မှုးအား သင်သွားလော့။ ယုံကြည်သည်နှင့် အညီ သင်၌ ဖြစ်စေဟု မိန့်တော်မူ၏ (မဿဲ ၈း၁၃)။
လူတော်တော်များများ မေးလေ့ရှိတတ်တဲ့
မေးခွန်းလေးတစ်ခု ရှိတယ်။ အဲဒါကတော့ ဘာကြောင့် ဘုရားပေးတဲ့ ကောင်းကြီးမတူရတာလည်း?
အသင်းတော်တူတယ်၊ ဆယ်ဖို့တစ်ဖို့ပေးတာတူတယ်၊ အလှုပေးတာလည်းတူတယ်၊
ဘုရားကျောင်းတက်တာလည်း တူတယ်၊ ကျမ်းစာအုပ် ကိုင်ဆောင်ကြတာလည်း တူကြပေမယ့်
သူများတွေကျတော့ ကောင်းကြီးအများကြီး ခံစားရတယ်၊ ကျနော်တို့ကျတော့ သူတို့လောက်
ကောင်းကြီးမခံစားရဘူး။ မယုံကြည်သူတွေတောင် ကျနော်တို့ထက် ပိုပြီး ကောင်းကြီးခံစားကြတယ်။
ဒါတွေဟာ ဘာကြောင့်လည်း? ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ အကြောင်းရင်းကို ဘယ်သူကမှ သေချာ
မသိကြပေမယ့် သမ္မာကျမ်းစာကတော့ အဖြေပေးထားတယ်။ ဘုရားသခင်က ယုံကြည်သည်နှင့်အညီ
အသက်တာမှာ အမြဲတမ်း ကောင်းကြီးခံစားစေတယ် (မ ၈း၁၃)။ ယုံကြည်တဲ့ ပမာဏအတိုင်း
ကျနော်တို့ရဲ့အသက်တာမှာ ဘုရားသခင်ရဲ့ကောင်းကြီးတွေကို တွေ့ကြုံခံစားစေပါတယ်။
ဒါကြောင့် ကျနော်တို့အသက်တာမှာ ဘုရားသခင်ဆီက ကောင်းကြီးတွေ တိုးပြီး ခံစားချင်ရင်
ကျနော်တို့ရဲ့ ယုံကြည်ခြင်း ခိုင်မာရမယ်။ ယုံကြည်ခြင်း ခိုင်မာလာရင်
ကျနော်တို့ခံစားရတဲ့ အရာခပ်သိမ်းနှင့် ကောင်းကြီးတွေဟာ အမှန်တကယ် တိုးလာမှာ
ဖြစ်ပါတယ်။